16
Sep

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား အား (၁၆-၉-၂၀၁၆) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာ အထက်တန်းကျောင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုအဖွဲ့ အစည်းများ၊ ကျေးလက်နေပြည်သူများနှင့် စက်ဘီးစီးပြိုင်ပွဲ ဆုရကျောင်းသား/သူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ပြခန်း ပြုလုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။”