11
Dec

မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

 “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာ ပိုမိုတိုးပွားလာစေရန်အတွက် အသိပညာပေးသင်တန်းများ ကျင်းပပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံး အစည်းအဝေးခန်းမတွင်  ၁၁-၁၂-၂၀၁၈ ရက်နေ့မှ ၁၂-၁၂-၂၀၁၈ ရက်နေ့ထိ နံနက် (၀၉:၀၀) အချိန်မှ (၁၆:၃၀) အချိန်ထိ Environmental Impact Assessment Training and Capacity Building Clinic သင်တန်းကို Vermount Law School မှ Teacher B.J Schulte နှင့် William တို့မှ EIA,EMP နှင့် Public Participation ဘာသာရပ်နှင့် ပတ်သက်၍ ဆွေးနွေးပို့ချခြင်း၊ သင်တန်းသားများအား Group ဖွဲ့၍ ဆွေးနွေးစေခြင်း၊ ဘိလပ်မြေစက်ရုံ၏ EMP (၁)​​ စောင်အား လက်တွေ့ Review ပြုလုပ်စေခြင်းစသည့် ပုံသဏ္ဍာန်များဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ညွှန်ကြားရေးမှူး အပါအဝင် အရာထမ်း/အမှုထမ်း စုစုပေါင်း (၃၀) ဦးအား သင်ကြားပေးခဲ့ပြီး နည်းပြများနှင့် သင်တန်းသားများအကြား အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။”