07
Jun

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်) တွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဘာသာရပ်ဆိုင်ရာသင်တန်းများ ပို့ချပေးလျက်ရှိရာ ပြည်ပအဖွဲ့အစည်းဖြစ်သော နော်ဝေနိုင်ငံ၊ ပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီ (NEA) မှ Senior Advisor Ms. Kristin Eine နှင့် Ms. Tone တို့သည် (၇-၆-၂၀၁၆) ရက်နေ့မှ (၈-၆-၂၀၁၆) ရက်နေ့အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းများ စုစုပေါင်း (၁၅) ဦးအား ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း သင်တန်းကို သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။