12
May

မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးကဏ္ဍတစ်ရပ်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ ပညာပေးသင်တန်းများ၊ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် United Nations Environmental Programme (UNEP) တို့ပူးပေါင်းပြီး ၁၂-၅-၂၀၁၆ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ခရိုင်ရုံး) အစည်းအဝေးခန်းမ၌ အယ်လ်နီညိုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ အယ်လ်နီညိုနှင့် ရာသီဥတုဆိုင်ရာဆိုးကျိုးသက်ရောက်မှုများ ကြုံတွေ့နေရမှု၊ တွေ့ကြုံလာမည့်ကိစ္စရပ်များကို ကြိုတင်တွက်ဆပြီး အောင်မြင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ရေး စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ဒေါ်ညိုမာသန်း(Spectrum Team) မှ ရာသီဥတုပြောင်းလဲခြင်းကြောင့် မိမိတို့ဒေသများတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများအား ဝိုင်းဝန်းဖြေရှင်းနိုင်ရန် တက်ရောက်လာကြသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုမေးမြန်းချက်များအား ဆွေးနွေးပြောကြားခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

     ထို့နောက် ဦးဟန်လင်း(Spectrum Team) မှ ဆွေးနွေးပွဲတက်ရောက်လာကြသူများအား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ အသိပညာပေးကာတွန်းစာအုပ်များ၊ အသိပညာပေး DVD အခွေများ ဖြန့်ဝေပေးခြင်း၊ ပညာပေးဗွီဒီယိုအခွေအား ပြသခဲ့ခြင်းနှင့် အခမ်းအနားသို့ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများ၊ မြဝတီသတင်း အဖွဲ့၊ မြန်မာ့အသံရိုက်ကူးရေးအဖွဲ့နှင့် ကြက်ခြေနီအဖွဲ့ဝင်များ စုစုပေါင်း (၄၆) ဦး တက်ရောက်ခဲ့ ကြောင်းနှင့် အခမ်းအနားကို နေ့လည် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်း ရရှိပါသည်။