29
Dec

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း ထုတ်ပြန်ခြင်း

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည် စီးပွားရေးလုပ်ငန်းများ အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် သိသာထင်ရှားသော ဆိုးကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ၂၉-၁၂-၂၀၁၅ ရက်စွဲပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်ဖြစ်သော www.ecd.gov.mm ၏ မူဝါဒနှင့် ဥပဒေများ၊ မူဝါဒဆိုင်ရာများတွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန် ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီပေါင်းစပ်ပေးသည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သတင်းရရှိသည်။”