24
Jul

ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့်လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက် ရှိရာ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်စွာဝင်း ဦးဆောင်သော အဖွဲ့သည် ၂၄.၇.၂၀၁၅ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့ အ.ထ.က(ခွဲ)၊ အ.လ.က(၁) ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများ (၃၁၁) ဦး တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးကျော်စွာဝင်းမှ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်၊ လက်ထောက်ဦးစီးမှူး ဒေါ်အေးအေးအောင်မှ အိုဇုန်းလွှာနှင့် ခရမ်းလွန်ရောင်ခြည် စသည့်ခေါင်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း ” သတင်းရရှိပါသည်။