29
Jan

ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

 

၁။      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူး       (၇၀)နေရာ နှင့် စာရင်းကိုင်(၂)ရာထူး(၂၂)နေရာတို့အတွက် အောက်ပါအရည်အချင်းများနှင့်ကိုက်ညီ သူများ လျှောက်ထားနိုင်ပါသည်-

(က)

ဒုတိယဦးစီးမှူးရာထူး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) နေရာ အတွက် အနည်းဆုံး ပညာအရည်အချင်းသတ်မှတ်ချက်

(၁)

B.C Tech(Commun;&Networking)

( ၃ ) ဦး

(၂)

B.A ( Library & Information Studies/ International Relations/ English/ Public

B.A ( Library & Information Studies/ International

( ၈ ) ဦး

Relations/ English/ Public Adminstration/ Development Studies/ Geography/ Archaeology/Journalism)

( ၃)

L.L.B

( ၃ ) ဦး

(၄)

B.Sc (Environmental Engineering)/ B.Phamarcy

( ၅ ) ဦး

(၅)

B.E (Electrical Power/ Electronic / Chemical/ Civil/ Mechanical/ Textile/

( ၁၀) ဦး

Petroleum/ Mining/ Metallurgy/ Information Technology)

(၆)

B.Sc (Industrial-Chemistry /Chemistry/ Bio-Chemistry/ Geology/Marine Science/

( ၂၀ ) ဦး

Environmental Science/ Mathematics / Physics/Meteorology/ Nuclear Physics/Zoology/ Botany/Hydrology/ Micro-Biology/Bio-Technology)

(၇)

B.Sc (Forestry)

( ၁၀ ) ဦး

( ၈)

B.Agriculture.Science / B.V.S

( ၆ ) ဦး

(၉)

B.Econ(Stats)

( ၅ ) ဦး

(ခ)

စာရင်းကိုင်(၂)ရာထူး (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) နေရာအတွက် ပညာအရည်အချင်းသတ်မှတ်ချက် —

( ၂၂ ) ဦး

B.Com ဘွဲ့ရရှိသူများ

၂။      လျှောက်ထားသူများသည် –

(က)    ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)     ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည်။

(ဂ)     (၃၁-၁၂-၂၀၁၇) ရက်နေ့တွင်   အသက်(၂၇)နှစ်(ဝန်ထမ်းဖြစ်ပါက အသက် ၃၂ နှစ်) မကျော်လွန်သူ ဖြစ်ရမည်။

(ဃ)    မဟာဘွဲ့ရရှိသူများဖြစ်ပါက (၃၁-၁၂-၂၀၁၇) ရက်နေ့တွင် အသက်(၃၀)နှစ် (ဝန်ထမ်း ဖြစ်ပါက အသက် ၃၅ နှစ်) ၊ Ph.D ဘွဲ့ရရှိသူဖြစ်ပါက

          အသက်(၃၅)နှစ် (ဝန်ထမ်း ဖြစ်ပါက အသက် ၄၀ နှစ်)ထက် မကျော်လွန်သူဖြစ်ရမည်။

(င)     နေရာဒေသမရွေးတာဝန်ထမ်းဆောင်နိုင်ရမည်။

၃။      လျှောက်လွှာတွင်-

          (က)    အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

          (ခ)     မွေးသက္ကရာဇ်နှင့်အသက်

          (ဂ)     လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ

          (ဃ)    ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ်

          (င)     မိဘအမည်၊နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်

          (စ)     ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်၊ဌာန

          (ဆ)    ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်

          (ဇ)     ဆက်သွယ်ရန်နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်

          (စျ)     အမြဲတမ်းနေရပ်လိပ်စာတို့ကို ဖော်ပြရမည်။

၄။      လျှောက်လွှာနှင့်အတူ-

          (က)    တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ဓါတ်ပုံ(၂)ပုံ( နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

          (ခ)     ဘွဲ့လက်မှတ်မိတ္တူနှင့်အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ(မူရင်းအား ရေးဖြေလာရောက်ဖြေဆိုသည့်အခါ ပြသနိုင်မှသာ

                    ဖြေဆိုခွင့်ပြုမည်)

          (ဂ)     ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူနှင့် (၃)လ အတွင်း ရယူထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း

                     သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်း၏ ထောက်ခံချက်မူရင်း

          (ဃ)    လျှောက်ထားသူများသည် ဌာနတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်နိုင် ကြောင်း ဝန်ခံကတိရေးထိုးစာ ပူးတွဲပါရှိရမည်။

၅။      ဝန်ထမ်းမဟုတ်သူများသည် လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်သို့ လိပ်စာတပ်၍ လူကိုယ်တိုင်သော် လည်းကောင်း၊ စာတိုက်မှမှတ်ပုံတင်၍သော်လည်းကောင်း ( ၂၂-၅-၂၀၁၇ ) ရက် (တနင်္လာနေ့)  နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါသည်။

၆။      ဝန်ထမ်းများသည် လျှောက်လွှာကို မိမိတာဝန်ထမ်းဆောင်သည့် သက်ဆိုင်ရာဝန်ကြီးဌာန များမှတစ်ဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃) နေပြည်တော်သို့ (၂၂-၅-၂၀၁၇) ရက် (တနင်္လာနေ့)နောက်ဆုံးထားပေးပို့ လျှောက်ထားနိုင်ပါသည်။

၇။      အရည်အချင်းစစ်ရေးဖြေစာမေးပွဲအား (၂၅-၆-၂၀၁၇) ရက် (တနင်္ဂနွေနေ့)တွင် အ.ထ.က(၅)၊  နေပြည်တော်၌ (၂)နာရီမေးခွန်းအား အောက်ပါအတိုင်း ဖြေဆိုရပါမည်-

          (က)    နံနက် ၉ နာရီမှ ၁၁ နာရီထိ                       အင်္ဂလိပ်စာ

          (ခ)     မွန်းလွဲ ၁၂:၃၀ နာရီမှ ၂:၃၀ နာရီထိ            အထွေထွေဗဟုသုတ

၈။      အရည်အချင်းစစ်ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားနှင့် ခုံနံပါတ်များကို (၂၄-၆-၂၀၁၇)ရက် (စနေနေ့) တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း အ.ထ.က(၅)၊ နေပြည်တော်၌ထုတ်ပေးပါမည်။

၉။      အရည်အချင်းစစ်ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ဆောင်ရွက် မည့် အစီအစဉ်ကို ထပ်မံအကြောင်းကြားပါမည်။

၁၀။    အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း မပြည့်စုံသူများ၊ သတ်မှတ်နေ့ရက်ထက်နောက်ကျပြီး ရောက်ရှိပေးပို့လာသော

          လျှောက်လွှာများကို လုံးဝ(လုံးဝ) ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၁၁။    အသေးစိတ်သိလိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဌာန၊ တယ်လီ ဖုန်းအမှတ်၊ ၀၆၇-၄၃၁၃၁၆၊ ၄၃၁၄၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန