26
Jan

ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုလဲ့မြင့် ဦးဆောင်သောအဖွဲ့သည် ၂၆-၁-၂၀၁၇ ရက်နေ့တွင် တောင်ကြီးမြို့၊ အ.လ.က (၅) ၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ဒုတိယဦးစီးမှူး ဒေါ်ဆုလဲ့မြင့်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဖွင့်လှစ်ထားရှိမှုနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ လေထုညစ်ညမ်းမှုလျှော့ချရေး သင်လည်းပါဝင်လှုပ်ရှားပေး စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ပြီး အပြန်အလှန်မေးခွန်းများ မေးမြန်းဖြေကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ကိုယ်ကျင့်တရားဆောင်းပါးပေါင်းချုပ်စာအုပ်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။