16
Dec

မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ဒုတိယဦးစီးမှူး ဒေါ်တင်နွဲ့ရီ ဦးဆောင်သော အဖွဲ့သည် ၁၆-၁၂-၂၀၁၆ ရက်နေ့ နေ့လည် (၁:၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ကျောက်တန်းကျေးရွာ၊ အ.လ.က(ခွဲ)၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၂၀၀) ဦးကိုလည်းကောင်း၊ ၁၉-၁၂-၂၀၁၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန် တွင် မော်လမြိုင်မြို့၊ အ.ထ.က (၈) ၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၅၃၀) ဦးနှင့် နေ့လည် (၁:၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့၊ ကော့ခမယ်ကျေးရွာ၊ အ.ထ.က ၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၅၀) ဦးကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်တင်နွဲ့ရီမှ ရေနှင့်ပတ်သက်သော ခြိုးခြံဆောင်ရွက်သင့်မှု၊ လက်ထောက်ဦးစီးမှူး ဦးသက်နိုင်မှ အင်္ဂလိပ်အက္ခရာ A to Z ပါဝင်သော ပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ဗွီဒီယိုအားပြသခြင်းနှင့် လက်ကမ်းစာစောင်များအား ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။