25
Nov

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသန့် ဦးဆောင်သောအဖွဲ့သည် ၂၅-၁၁-၂၀၁၆ ရက်နေ့ တွင် ဝိုင်းမော်မြို့၊ အ.ထ.က(၁) နှင့် အ.ထ.က(၂) တို့၌ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၈၈) ဦး တက်ရောက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသန့်မှ စနစ်တကျအမှိုက်စွန့်ပစ်ရေး၊ ဒုတိယဦးစီးမှူး ဦးအေးမင်းမှ ရာသီဥတုပြောင်းလဲခြင်းနှင့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။