28
Jun

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၇) ကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၇) ကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်၊ ရုံးအမှတ်(၅၃)  အစည်းအဝေးခန်းမ၌  (၂၈-၆-၂၀၁၇) ရက်နေ့ (၀၈:၃၀) နာရီ အချိန်တွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၇) အား ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ခံအရာရှိများ စုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကို (၁၇:၄၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။