23
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့တွင် (၁၃:၀၀) နာရီအချိန်တွင် အစိမ်းရောင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းကော်မတီ တိုးမြှင့်ဖွဲ့စည်းရန်အတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (သတ္တု) ဦးဌေးအောင် ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ သက်ဆိုင်ရာဌာနအသီသီးမှ ညွှန်ကြားရေးမှူးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ ထားဝယ်အထူးစီးပွားဇုန်၊ ပုဂ္ဂလိကစီးပွားရေးအဖွဲ့ကိုယ်စားလှယ်များနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။