30
Sep

နည်းပညာဆိုင်ရာ အရာရှိ (Technical Officer )(၁) ဦးခေါ်ယူခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ် (၅၃) ၊ နေပြည်တော်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UN Environment) တို့ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  အိုဇုန်းလွှာ ပျက်စီးစေသောဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေးစီမံခန့်ခွဲမှုလုပ်ငန်းစီမံကိန်း(HPMP) နှင့် ဖွဲ့စည်းမှုအင်အား ဖြည့်ဆည်းရေးစီမံကိန်း (Institutional  Strengthening (IS) Project) နှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအတွက်  အစားထိုးဒြပ်ပစ္စည်းများ သုံးစွဲမှုအချက်အလက်ကောက်ယူရေး ဆိုင်ရာ စီမံကိန်း (ODS Survey Project) လုပ်ငန်းများကို အချိန်ပြည့် ထိရောက်စွာ အကောင်အထည် ဖော်ရေးနှင့် စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် (UN Environment) ၏ ငွေကြေးအကူအညီဖြင့် အရည်အချင်းပြည့်မီသည့် နည်းပညာဆိုင်ရာ အရာရှိ (Technical  Officer )(၁) ဦးအား ပြင်ပမှရွေးချယ်ခန့်ထားရန်ရှိပါသဖြင့် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသည့် စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်၊ လက်ရှိ အလုပ် လုပ်ကိုင်နေသူဖြစ်ပါက သက်ဆိုင်ရာ အဖွဲ့အစည်း(သို့မဟုတ်) အကြီးအကဲ၏ ထောက်ခံ ချက်၊ အသေးစိတ်အချက်အလက်များနှင့်အတူ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါသည် –

           (က)   သတ်မှတ်အရည်အချင်း ( Technical  Officer )

(၁)     ပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့ သို့မဟုတ် သိပ္ပံ၊ အင်ဂျင်နီယာ၊ နှင့် အခြားဆက်စပ် ပညာရပ်ဆိုင်ရာ ဘွဲ့ ရရှိသူဖြစ်ရမည်။ (မဟာသိပ္ပံဘွဲ့ ရရှိသူကို ဦးစားပေးမည်)

(၂)     သက်ဆိုင်ရာနယ်ပယ်၌ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၃) နှစ် ရှိရမည် ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ရှိသူကို ဦးစားပေးမည်။

(၃)     ကွန်ပျူတာ (Microsoft word , Excel) ကျွမ်းကျင်ရမည်ဖြစ်ပြီး မြန်မာ ဘာသာ (Myanmar 3) ဖြင့် ရုံးစာ အရေးအသား ကျွမ်းကျင်ရမည်။

(၄)     အင်္ဂလိပ်ဘာသာ( အရေး/အပြော)ကျွမ်းကျင်သူဖြစ်ရမည်။

(၅)     ဆက်ဆံရေး ကောင်းမွန်ပြေပြစ်၍ သက်ဆိုင်ရာဆက်စပ်ဌာန၊ အဖွဲ့အစည်းများ နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

(၆)     အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရမည်။

(၇)     ကျန်းမာရေး ကောင်းမွန်ပြီး ပြည်တွင်းခရီး သွားလာနိုင်သူဖြစ်ရမည်။

(ခ)     တာဝန်ထမ်းဆောင်ရမည့်နေရာ –        ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊

ရုံးအမှတ်(၅၃)၊ နေပြည်တော်

(ဂ)     တာဝန်ထမ်းဆောင်ရမည့်ကာလ –       (၂) နှစ်

(ဃ)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(င)     Technical  Officer ၏ တာဝန်ဝတ္တရားများနှင့် အသေးစိတ်သိရှိလိုသည်များကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အိုဇုန်းယူနစ်ရုံးအဖွဲ့ ၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်

(ဖုန်း-၀၆၇-၄၃၁၃၁၈၊ ၀၆၇-၄၃၁၃၂၅၊ ဖက်စ်-၀၆၇-၄၃၁၃၂၄၊၀၆၇-၄၃၁၃၂၂) ထံတွင် ဆက်သွယ်မေးမြန်း ရယူနိုင်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန