20
Nov

အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၌ ကျင်းပရာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားပါသည်။

ဗဟိုကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာတစ်ကြိမ်၊ ဒီဇင်ဘာလမှာတစ်ကြိမ် နဲ့ ၂၀၁၇ ခုနှစ် ဇွန်လမှာတစ်ကြိမ် စုစုပေါင်း (၃)ကြိမ် ကျင်းပခဲ့ပါသည်။

ဗဟိုအဆင့်လုပ်ငန်းကော်မတီတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီများ၊တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီများ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှု အားကောင်း လာစေဖို့အတွက် ဗဟိုကော်မတီဝင်၊ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ အပါအဝင်ကော်မတီဝင်များမှ အခါအားလျော်စွာ ပြည်နယ်၊ တိုင်းဒေသကြီးများကို ရောက်ရှိသောအခါ ဆိုင်ရာကော်မတီဝင်များနှင့် တွေ့ဆုံ ညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းခဲ့ပါသည်။

ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ဗဟိုကော်မတီနှင့် ကော်မတီအသီးသီးက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အများအပြားကို ဆုံးဖြတ်ချမှတ်ခဲ့မှုနှင့် လုပ်ငန်းကော်မတီ အသီးသီးမှ ယခင်အစည်းအဝေးများအပေါ် ဆောင်ရွက်ထားမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မှုများကို တင်ပြကြပါသည်။

ဒုတိယသမ္မတက ရှင်းလင်းတင်ပြ ဆွေးနွေးချက်များကို  ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။