22
Sep

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိ ပညာပေးလှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် အခြေခံပညာကျောင်း များတွင် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်စိုး ဦးဆောင်သောအဖွဲ့သည် (၂၂-၉-၂၀၁၆) ရက်နေ့တွင် ထားဝယ်မြို့  ရှမ္မတွင်း၊ အ.မ.က (မူလွန်) ၌လည်းကောင်း၊ (၂၃-၉-၂၀၁၆) ရက်နေ့တွင် ထားဝယ်မြို့ ကျောက်မော်၊ အ.လ.က(၄)(ထ)ခွဲ၌ လည်းကောင်း၊ (၂၇-၉-၂၀၁၆) ရက်နေ့တွင် ထားဝယ်မြို့  စောမိညို၊ အ.မ.က (မူလွန်) ၌လည်းကောင်း၊ (၂၉-၉-၂၀၁၆) ရက်နေ့တွင် ထားဝယ်မြို့ တလိုင်းတောင်၊ အ.မ.က(မူလွန်) ၌လည်းကောင်း အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၈၃၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး ဒုတိယဦးစီးမှူး ဦးခင်မောင်စိုးမှ သဘာဝပတ်ဝန်းကျင်နှင့်ကြွပ်ကြွပ်အိတ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုအမျိုးမျိုး ဖြစ်ပေါ်ရခြင်းအကြောင်းနှင့် အကျိုးဆက်များ၊ သစ်တောသယံဇာတထိန်းသိမ်းခြင်း စသည့် ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။