16
Sep

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

“၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား အား (၁၆-၉-၂၀၁၆) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ထားဝယ်မြို့၊ ပညာရေးကောလိပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော မြို့မိမြို့ဖ ဧည့်သည်များ အပါအဝင် စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ အထိမ်းအမှတ်မိန့်ခွန်း မြွက်ကြားခဲ့ပါသည်။ အခမ်းအနား တွင် အထိမ်းအမှတ် ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ၌ (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသည့် ကျောင်းသား/သူများအား ငွေသားဆု၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video ပြသခြင်းများ ပြုလုပ်ခဲ့ ပါသည်။ အခမ်းအနားတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ ဗီနိုင်း/ ပိုစတာများ ခင်းကျင်းပြသခြင်း၊ လေ့လာဖတ်ရှုနိုင်သည့် လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေ ပေးခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော် (၂၀၀)ဦးခန့်အား ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တံဆိပ်ပါ ထီး (၂၀၀)ချောင်းအား ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အခမ်းအနားအား (၁၀:၃၀) နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။”