26
Nov

ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၆-၁၁-၂၀၁၈ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဦးဝင်းဇော်နှင့် ဒုတိယဦးစီးမှူး ဦးမျိုးလွင်ဦးတို့သည် ပုဏ္ဏားကျွန်မြို့နယ်၊ အောင်ဖြူပြင်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမျိုးလွင်ဦးနှင့် လက်ထောက်ဦးစီးမှူး ဦးမင်းလွင်ဦးတို့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ၊ အ.ထ.ကကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအေးဝင်းသည် ဘူးသီးတောင်မြို့၊ အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(၂) ကျောင်းတို့၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးထူးဝင်းသည် ဘူးသီးတောင်မြို့၊ အ.ထ.က(ခွဲ) မြို့သစ်ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဝင်းဇော်၊ ဒုတိယဦးစီးမှူး ဦးမျိုးလွင်ဦးနှင့် လက်ထောက်ဦးစီးမှူး ဦးမင်းလွင်ဦးတို့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ အမြင့်ကျွန်းကျေးရွာ ဂဏန်းပျော့စက်ရုံ၌လည်းကောင်း၊ ၂၇-၁၁-၂၀၁၈ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဦးဝင်းဇော်နှင့် ဒုတိယဦးစီးမှူး ဦးမျိုးလွင်ဦးတို့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာ၊ အ.မ.က(လွန်) ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအေးဝင်းသည် ဘူးသီးတောင်မြို့နယ်​၊ စေတီတောင်ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးထူးဝင်းသည် ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာ၊ အ.မ.က(လွန်) ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးမင်းနိုင်ဦး၊ ဦးစီးအရာရှိ ဒေါ်ခိုင်ချစ်စုဝေနှင့် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းနွယ်တို့သည် စစ်တွေမြို့၊ အ.ထ.က(ခွဲ) ရေတပ်ကျောင်း၌ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဝင်းဇော်၊ ဒုတိယဦးစီးမှူး ဦးမျိုးလွင်ဦးနှင့် လက်ထောက်ဦးစီးမှူး ဦးမင်းလွင်ဦးတို့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာနှင့် မှိုဟင်းတောကျေးရွာတို့၌လည်းကောင်း၊ ၂၈-၁၁-၂၀၁၈ ရက်နေ့ တွင် ဒုတိယဦးစီးမှူး ဦးသန့်စင်သိန်းသည် ရသေ့တောင်မြို့၊ အ.ထ.က(၂)၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးအုပ်မှူးသွင်နှင့် ဒုတိယဦးစီးမှူး ဦးသန့်စင်သိန်းတို့သည် ရသေ့တောင်မြို့၊ အ.ထ.က (၁)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမောင်အေးနှင့် အကြီးတန်းစာရေး ဦးဇော်မင်းထွန်းသည် မောင်တောမြို့နယ်၊ အ.ထ.က.(၁)နှင့် အ.ထ.က(၂)ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးမင်းနိုင်ဦးနှင့် ဦးစီးအရာရှိ ဒေါ်ခိုင်ချစ်စုဝေတို့သည် စစ်တွေမြို့၊ အ.လ.က(၉) ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးမင်းနိုင်ဦး၊ ဦးစီးအရာရှိ ဒေါ်ခိုင်ချစ်စုဝေနှင့် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းနွယ်တို့သည် စစ်တွေမြို့၊ မောလိပ်ရပ်ကွက်၊ အ.ထ.က(ခွဲ)ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးမင်းနိုင်ဦးနှင့် ဦးစီးအရာရှိ ဒေါ်ခိုင်ချစ်စုဝေတို့သည် စစ်တွေမြို့၊ သင်ပုန်းတန်းကျေးရွာ၊ အ.ထ.ကကျောင်း၌လည်းကောင်း၊ ၂၉-၁၁-၂၀၁၈ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဦးသန့်စင်သိန်းသည် ရသေ့တောင်မြို့၊ အ.မ.က(လွန်)ကျောင်း၌လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမောင်အေးသည် မောင်တောမြို့၊ အ.မ.က(လွန်-၃)ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးမင်းနိုင်ဦး၊ ဦးစီးအရာရှိ ဒေါ်ခိုင်ချစ်စုဝေနှင့် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းနွယ်တို့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ အ.ထ.က(၉)ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးအုပ်မှူးသွင်သည် ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးကျေးရွာ၌လည်းကောင်း၊ ၃၀-၁၁-၂၀၁၈ ရက်နေ့တွင် ဒုတိယဦးစီးမှူး ဦးသန့်စင်သိန်းသည် ရသေ့တောင်မြို့နယ်၊ တောင်လှမော် ကျေးရွာ၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးမင်းနိုင်ဦးနှင့် ဦးစီးအရာရှိ ဒေါ်ခိုင်ချစ်စုဝေတို့သည် စစ်တွေမြို့၊ ရခိုင်ဆန်စပါးအသင်းကုမ္မဏီလိမိတက်၊ TMP သောက်ရေသန့်စက်ရုံနှင့် PDT ​သောက်ရေသန့်စက်ရုံတို့၌လည်းကောင်း၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဆိုးကျိုးများအကြောင်း၊ ပလတ်စတစ်နှင့်အမှိုက်စနစ်တကျစွန့်ပစ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ၊ White Pollution၊ အစိမ်း​​​ရောင်စီးပွားရေး၊ အိုဇုန်းလွှာအကြောင်း သိကောင်းစရာများ၊ Beat Plastic Pollution၊ အမှိုက်စွန့်ပစ်ရာတွင် လိုက်နာသင့်သည့်အချက်များ၊ ဒို့ပတ်ဝန်းကျင်လှပဖို့ အမှိုက်ပုံးထဲသို့ အမှိုက်ပစ်စို့၊ သက်ရှိလောကတည်မြဲဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့၊ ရာသီဥတုပြောင်းလဲခြင်း၊ လေထုညစ်ညမ်းမှုအ​ကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေ၊ Water Pollution၊ ” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၅၁၈၀) ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။