05
Jun

ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိန်မမ ဦးဆောင်သောအဖွဲ့သည် (၅-၆-၂၀၁၆) ရက်နေ့တွင် တောင်ကြီးမြို့ ရတနာသစ်ခန်းမ၌လည်းကောင်း၊ (၁၇-၆-၂၀၁၆) ရက်နေ့တွင် တောင်ကြီးမြို့ အ.ထ.က(၂)၌လည်းကောင်း၊ (၂၀-၆-၂၀၁၆) ရက်နေ့တွင် ထီသိမ်ကျေးရွာ အ.ထ.က၌ လည်းကောင်း၊ (၂၂-၆-၂၀၁၆) ရက်နေ့တွင် တောင်ကြီးမြို့ ကွန်ပျူတာတက္ကသိုလ်နှင့် ညောင်ရွှေမြို့ နိုဝင်ဘာဟိုတယ်တို့၌လည်းကောင်း အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျေးလက်နေပြည်သူလူထုများ တက်ရောက်ခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာ၊ ကျွန်ုတို့၏ကမ္ဘာမြေ၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျွန်ုတို့၏လူနေမှုဘဝ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန်များ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားလာရေးကဏ္ဍ စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိ ပါသည်။