07
May

တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှု ပင်မလုပ်ငန်းအစီအစဉ် ရေးဆွဲရေး ဗဟုသုတ ဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

 တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် ရေးဆွဲရေးဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ(မြိတ်ခရိုင်)အား (၇-၅-၂၀၁၉)ရက်နေ့ မှ (၈-၅-၂၀၁၉)ရက်နေ့အထိ ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို မြိတ်မြို့၊ ပုလဲ ရတနာခန်းမတွင် နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ရာ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးခိုင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြေအသုံးချမှုနှင့် မြေနေရာသတ်မှတ်ခြင်းဆိုင်ရာ စီမံချက်များရေးဆွဲခြင်းကဏ္ဍနှင့်ပတ်သက်၍ သတ္တုတွင်းဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ လည်းကောင်း၊ အဏ္ဏဝါနှင့် ကမ်းရိုးတန်းဂေဟစနစ်များကဏ္ဍနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနမှလည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာကဏ္ဍနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လည်းကောင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လည်းကောင်း၊ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် ကဏ္ဍနှင့်ပတ်သက်၍  ရှေးဟောင်း သုတေသနဦးစီးဌာနမှလည်းကောင်း မိမိဌာနနှင့်သက်ဆိုင်သည့် မူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြခြင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသူများကို မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း များပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းမှ (၂)ရက်စာ အလုပ်ရုံဆွေးနွေးပွဲရလဒ်များအား ပြန်လည်အနှစ်ချုပ်တင်ပြခြင်းနှင့် ကျေးဇူးတင်စကားပြောကြား ၍ လူဦးရေ (၈၅) ဦးခန့် တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၅:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။