17
Mar

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ ပညာပေးသင်တန်း လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်) တွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ဌာနတွင်း ဘာသာရပ်ဆိုင်ရာလုပ်ငန်းခွင်သင်တန်းများ ပို့ချလျက်ရှိရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ADB တို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာစိစစ်သုံးသပ်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် ကြိုတင်ပြင်ဆင်ခြင်းသင်တန်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ၁၇-၃-၂၀၁၆ ရက်နေ့မှ ၁၈-၃-၂၀၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ADB မှ Mr. Robert Everitt ဦးဆောင်သောအဖွဲ့မှ သင်ကြားပို့ချခဲ့ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာထမ်း/ အမှုထမ်း (၄၀) ဦးခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။”