14
Jan

မန္တလေးတိုင်းဒေသကြီး၏ အသိပညာပေးဟောပြောပွဲနှင့် လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်း ဦးဆောင်သောအဖွဲ့သည် ၁၄.၁.၂၀၁၆ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် အမရပူရမြို့နယ်၊ အ.လ.က (ကင်းဘက်)၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၀၃) ဦးကိုလည်းကောင်း၊ ၁၄.၁.၂၀၁၆ ရက်နေ့ နေ့လည် (၂:၀၀) အချိန်တွင် အ.လ.က(တလင်းကြီး) ၌ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၅၀) ဦးကိုလည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ညစ်ညမ်းမှုများလျော့ချရေး စနစ်တကျစွန့်ပစ်ပေး၊ ဒုတိယဦးစီးမှူး ဒေါ်ကြယ်စင်ထွန်းမှ ရာသီဥတုပြောင်းလဲမှုလျော့ချရေး စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။”