29
Dec

ပြင်ဆင်ဖတ်ရှုပါရန်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၆၁၆/၂၀၁၅ ဖြင့် ထုတ်ပြန်ခဲ့သည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းအားဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့ဖြန့်ဝေခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် ဖြစ်သော www.ecd.gov.mm တွင် လွှင့်တင်ခဲ့ပါသည်။ အဆိုပါလုပ်ထုံးလုပ်နည်း၏ အပိုဒ်(၈)၊ အပိုဒ်ခွဲ(က)ပါ- “ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲ အကောင်အထည်ဖော်ခြင်းပြုရမည်။” (အစား) “ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း သို့မဟုတ် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း သို့မဟုတ် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲအကောင် အထည်ဖော်ခြင်းပြုရမည်။” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန