30
Sep

အိုဇုန်းဆိုင်ရာ ကိစ္စရပ်များ ထိရောက်စွာ အချိန်ပြည့်ဆောင်ရွက်နိုင်ရေး အတွက် Technical Officer (၁) ဦး

၁။      ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အိုဇုန်းလွှာပျက်စီးစေသော ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်သုံးစွဲမှု လျှော့ချရပ်ဆိုင်းရေး စီမံခန့်ခွဲမှုလုပ်ငန်းစီမံကိန်း (HPMP) နှင့် ဖွဲ့စည်းမှုအင်အားဖြည့်ဆည်းရေးစီမံကိန်း(Institutional  Strengthening (IS) Project) များအား ထိရောက်စွာအချိန်ပြည့်ဆောင်ရွက်နိုင်ရေးအတွက် Technical  Officer (၁) ဦးနှင့် Administration and Finance Officer (၁)ဦးအား ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ် ( United Nation Environment Programme – UNEP ) မှ ငွေကြေး အကူအညီဖြင့် ပြင်ပမှခေါ်ယူခန့်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂။      အဆိုပါ စီမံကိန်းကာလမှာ (၂) နှစ်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများကို စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းပြည့်မီသည့် Technical  Officer (၁) ဦးနှင့် Administration and Finance Officer (၁) ဦး လစ်လပ်လျက်ရှိပါသည်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသည့် စိတ်ပါဝင်စားသူ များသည် ကိုယ်ရေးရာဇဝင်၊ အသေးစိတ်အချက်အလက်များနှင့်အတူ ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ပါသည်။

          (က)    သတ်မှတ်အရည်အချင်း ( Technical  Officer )

(၁)     သိပ္ပံ၊ အင်ဂျင်နီယာ၊ ပတ်ဝန်းကျင်နှင့် အခြားဆက်စပ်ပညာရပ်ဆိုင်ရာ ဒီပလိုမာ

သို့မဟုတ် တက္ကသိုလ်မှ ဘွဲ့ရရှိရမည်။

(၂)     သက်ဆိုင်ရာနယ်ပယ်၌ လုပ်သက် အနည်းဆုံး(၂) နှစ် ရှိရမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပါက ပိုမိုကောင်းမွန် ပါသည်။

(၃)     အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာကျွမ်းကျင်ရမည်။

(၄)     ကွန်ပျူတာကျွမ်းကျင်ရမည်။(Microsoft Office)

(၅)     ဆက်ဆံရေးကောင်းမွန်ရမည်။

(၆)     အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရမည်။

(၇)     အင်္ဂလိပ်ဘာသာဖြင့်​ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူဖြစ်ရပါမည်။

(၈)     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(၉)     လိုအပ်ပါက ပြည်တွင်းခရီး သွားလာနိုင်သူဖြစ်ရမည်။

          (ခ)     သတ်မှတ်အရည်အချင်း (Administration and Finance Officer)

(၁)     စာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဒီပလိုမာ(သို့) တက္ကသိုလ်မှဘွဲ့ရရှိရမည်။

(၂)     သက်ဆိုင်ရာနယ်ပယ်၌ လုပ်သက်အနည်းဆုံး (၂) နှစ် ရှိရမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိပါက   ပိုမိုကောင်းမွန် ပါသည်။

(၃)     အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာကျွမ်းကျင်ရမည်။

(၄)     ကွန်ပျူတာကျွမ်းကျင်ရမည်။ (Microsoft Office)

(၅)     ဆက်ဆံရေးကောင်းမွန်ရမည်။

(၆)     အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရမည်။

(၇)     အင်္ဂလိပ်ဘာသာဖြင့်​ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူဖြစ်ရမည်။

(၈)     ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(၉)     လိုအပ်ပါက ပြည်တွင်းခရီး သွားလာနိုင်သူဖြစ်ရမည်။

 

(ဂ)     တာဝန်ထမ်းဆောင်ရမည့်နေရာ –      ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊

ရုံးအမှတ်(၅၃)၊ နေပြည်တော်

          (ဃ)    တာဝန်ထမ်းဆောင်ရမည့်ကာလ-      (၂) နှစ်

          (င)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(စ)     Technical  Officer နှင့် Administration and Finance Officer တို့၏ တာဝန်

ဝတ္တရားများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အိုဇုန်းအရာရှိ (ဖုန်း-၀၆၇-၄၃၁၃၁၈) ထံတွင် တောင်းယူကြည့်ရှုနိုင်ပါသည်။

ဆက်သွယ်လိပ်စာ –             ဦးသန်းအေး၊ ညွှန်ကြားရေးမှူး၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

     ရုံးအမှတ်(၅၃)၊ နေပြည်တော်

                                 ဖုန်း- ၀၆၇-၄၃၁၃၁၈ /၀၆၇-၄၃၁၃၂၅

     ဖက်စ်-၀၆၇-၄၃၁၃၂၄