28
Jul

ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေးဟောပြောပွဲနှင့်လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဦး ဦးဆောင်သောအဖွဲ့သည် ၂၈.၇.၂၀၁၅ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ပင်လောင်းမြို့ အ.ထ.က(၂)၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/သူများ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်တင်တင်မြင့်မှ ပိုးသတ်ဆေးကြွင်း အာနိသင်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအကြောင်းကို ဆွေးနွေး ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးထွန်းထွန်းဦးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး လက်ကမ်း စာစောင်နှင့် အသိပညာပေးဗွီဒီယိုခွေတို့အား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း ” သတင်း ရရှိပါသည်။