18
May

အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့ အထိမ်းအမှတ်အခမ်းအနား

    “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် အထိမ်းအမှတ်အခမ်းအနားများတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးသည် ၁၁.၁၂.၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ကချင်ပြည်နယ်မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့ အထိမ်းအမှတ်အခမ်းအနား၌ သစ်တောနှင့်သတ္တုဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့ သိကောင်းစရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း” သတင်းရရှိပါသည်။