19
Jan

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့်ကျင်းပခဲ့သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပတ်ဝန်း ကျင်နှင့်သစ်တောရေးရာ) က နိုင်ငံတော်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ငန်းကဏ္ဍများအလိုက် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယခု ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်အစည်းအဝေးတွင် ချမှတ် ဆုံးဖြတ်ခဲ့သည့် လုပ်ငန်းစဉ်(၆)ရပ်အနက် မူဝါဒနှင့်မဟာဗျုဟာဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုတွေကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွေက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်များ ထည့် သွင်းရေးဆွဲချမှတ်ပြီး စီမံချက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာလုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDCs) အရ ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် ကတိကဝတ် များကို သတ်မှတ်ကာလအတွင်းပြည့်မီစေရေးအတွက် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်အများစုသည် ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်း များဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များ သည် ကဏ္ဍစုံချိတ်ဆက်နေပြီး တစ်ဦးတစ်ယောက်တည်းဆောင်ရွက်၍ မရနိုင်သည့်အတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပါဝင်ပတ်သက်သူများ၊ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီး ပါကြောင်း၊ နိုင်ငံတော်၏ လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေချိန်တွင် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ (၃) ခု ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့နဲ့ အနာဂတ်မှာကြုံတွေ့လာနိုင်သည့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်စာရင်းအင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်အရ ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းအင်းညွှန်းကိန်း (၁၀၀) ဆိုင်ရာ  အချက်အလက်များ ကို ဆက်စပ်ဌာနများမှ ပံ့ပိုးပေးနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်းနှင့် လုပ်ငန်း ကော်မတီဝင်များအနေနဲ့ ထိရောက်အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက လုပ်ငန်းကော်မတီ ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို တင်ပြခဲ့ပါသည်။

ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာန အလိုက် ပေါင်းစပ်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က လိုအပ်သည်များကို ထပ်မံဖြည့်စွက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ၊ ဒုတိယဥက္ကဋ္ဌ ၊  အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ လုပ်ငန်းကော်မတီဝင်များအပါအဝင် စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ ပါသည်။