14
Jan

မြန်မာနိုင်ငံအမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (Nationally Determined Contributions- NDCs) ဆဋ္ဌမအကြိမ်အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကျင်းပြခြင်း

မြန်မာနိုင်ငံအမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (Nationally Determined Contributions- NDCs) ဆဋ္ဌမအကြိမ်အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်း အဝေးနှင့် Myanmar NDCs 3.0 အစီရင်ခံစာရေးဆွဲပြုစုရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့်လုပ်ငန်း အဖွဲ့များ ကနဦးညှိနှိုင်းအစည်းအဝေးကို ၁၄-၁-၂၀၂၆ ရက်နေ့တွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၊ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့၍ NDC (2021) ရည်မှန်းချက်များ အကောင်အထည်ဖော်မူတိုးတက်ရေး၊ NDC 3.0 အား ၂၀၂၆ ခုနှစ်တွင် UNFCCC သို့ တင်သွင်းနိုင်ရေး အတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။