01
Dec

အရာထမ်းများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ်(၁၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

အရာထမ်းများပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁၉) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၁-၁၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ပေးခဲ့ပြီး  အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၄) တက်ရောက်ပြီးစီး၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနတွင် ခန့်အပ်ခြင်းခံရသည့် ဦးစီးအရာရှိ (၂၆) ဦးနှင့် တက်ရောက်ရန်ကျန်ရှိသည့် ဦးစီးအရာရှိ (၁၈) ဦး စုစုပေါင်း (၄၄) ဦးတို့အား လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရားကင်းရှင်းသည့် ပြည်သူ့ ဝန်ထမ်းများဖြစ်လာစေရန် ရည်ရွယ်၍ “အရာထမ်းများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံ သင်တန်း အမှတ်စဉ်(၁၉)” ကို (၁-၁၂-၂၀၂၅) ရက်နေ့မှ (၁၂-၁၂-၂၀၂၅) ရက်နေ့အထိ  ရက်သတ္တပတ် (၂) ပတ်ကြာ Online (Zoom Cloud Meeting Application) အသုံးပြု၍ ရက်သတ္တပတ် (၂) ပတ်ကြာ Hybrid ပုံစံဖြင့် ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက သင်တန်းဖွင့်ဩဝါဒစကားပြောကြားခြင်း၊ သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။