
29
Sep
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၉-၉-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀) နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ပြီး စိန်တလုံးသရက်၊ ရတနာတန်းဝင် ကျွန်း၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ ချင်းဒညင်း စုစုပေါင်း အပင်(၃၅၀)အား ပျော်ပျော်ပါးပါးစိုက်ပျိုးခဲ့ကြပါသည်။