05
Sep

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် Naypyitaw State Polytechnic University ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး၊ Naypyitaw State Polytechnic University မှ ပါမောက္ခချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ Naypyitaw State Polytechnic University မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် Naypyitaw State Polytechnic University ပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးတို့မှ လေထုအရည်အသွေးကောင်းမွန်စေရေးနှင့် လေထုညစ်ညမ်းမှုကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားများပြောကြားခြင်း၊ အသိပညာပေး Video Clip ပြသခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။