30
Jul

မြန်မာနိုင်ငံ GCF ဆိုင်ရာ အမျိုးသားအဆင့်သတ်မှတ်အာဏာပိုင်အဖွဲ့အစည်း (National Designated Authorities –NDA) တည်ထောင်၍ စွမ်းဆောင်ရည်အားကောင်းခိုင်မာစေရန်နှင့် GCF ဆိုင်ရာ မဟာဗျူဟာမြောက်မူဘောင်ရေးဆွဲရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် Junior National Consultant (၁) ဦး ခေါ်ယူခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ မြန်မာနိုင်ငံ GCF ဆိုင်ရာ အမျိုးသားအဆင့်သတ်မှတ်အာဏာပိုင်အဖွဲ့အစည်း (National Designated Authorities – NDA) တည်ထောင်၍ စွမ်းဆောင်ရည်အားကောင်းခိုင်မာ စေရန်နှင့် GCF ဆိုင်ရာမဟာဗျူဟာမြောက်မူဘောင် ရေးဆွဲရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် Junior National Consultant (၁) ဦး ခန့်အပ်လိုပါသဖြင့် စိတ်ပါဝင်စားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူ မည်သူမဆို လျှောက်ထားရန်နှင့် လျှောက်လွှာပိတ်ရက်အား ၁၄-၈-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ planningstatsgisecd@gmail.com ပေးပို့ လျှောက်ထားစေလိုပါသည်။

လျှောက်ထားလိုသူများအနေဖြင့် Junior National Consultant ခေါ်ယူသည့်ကြော်ငြာစာနှင့် တာဝန်ဝတ္တရားများအား ဌာန၏ website ဖြစ်သော www.ecd.gov.mm ၏ သတင်းနှင့်မီဒီယာ Link အောက်ရှိ pdf ဖိုင်ကို download လုပ်ယူ၍ လျှောက်ထားနိုင်ပါသည်။

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab