09
Dec

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာအေး ဦးဆောင်သောအဖွဲ့သည် ၉-၁၂-၂၀၁၆ ရက်နေ့၌ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ အ.ထ.ကတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၂၅) ဦးတက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်သီတာအေးမှ ကြွပ်ကြွပ်အိတ်လျော့ချသုံးစွဲရေးအကြောင်းကို ဆွေးနွေးဟောပြောခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း  သတင်းရရှိပါသည်။