10
Jan

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ရုံးချုပ်၏လုပ်ငန်းဆောင်ရွက်မှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ် အစည်းအဝေးခန်းမ၌ ၁၀-၁-၂၀၁၇ ရက်နေ့ (၀၉:၃၀) နာရီမှ (၁၃:၃၀) နာရီအချိန်အထိ အိုဇုန်းလွှာထိခိုက်ပျက်စီးစေနိုင်သော ဒြပ်ပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC-22) (၇၀.၃၆၂) မက်ထရစ်တန်အား ခွဲတမ်းခွဲဝေချထားရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ အမျိုးသားအိုဇုန်းယူနစ်အဖွဲ့ဝင်များ၊ အိုဇုန်းလွှာ ထိခိုက်ပျက်စီးစေနိုင်သော ဒြပ်ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိများနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။