06
Jun

ကယားပြည်နယ်၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား

ကယားပြည်နယ်၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် အထိမ်းအမှတ်အခမ်းအနားများအား ကျင်းပပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၅-၆-၂၀၁၇ ရက် နေ့တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် (၀၉:၀၀) နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများ၊ ဆုရရှိသောကျောင်းသား/ကျောင်းသူများ၊ လူထု၊ လူ့မှုအဖွဲ့အစည်းများနှင့် လုပ်သားပြည်သူများ စုစုပေါင်း(၃၆၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဝန်ကြီးချုပ်မှ ဆုများပေးအပ်ချီးမြှင့်ခြင်း တက်ရောက်လာကြသူများကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုခွေအားပြသခြင်းနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည်လည်ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။