07
Aug

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့တွင် (၀၉:၃၀) နာရီမှ (၁၃:၃၀) နာရီအချိန်အထိ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံ ခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် နောက်ဆုံးမူကြမ်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြင်ပအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ UN-Environment၊ IGES-Center Collaboration with UNEP on Environment Technologies (CCET) မှ တာဝန်ရှိသူများနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။