14
Aug

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း (၁၄-၈-၂၀၁၇) မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီအောက်တွင်ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ(၆)ခုအနက်  မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် စံချိန်စံညွှန်းဆိုင်ရာလုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၃)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်အမှာစကား ပြောကြားပါသည်။

အစည်းအဝေးသို့ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးအစီအစဉ်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအေးက လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ ကိုယ်စားလှယ်ဒေါက်တာသီရိအောင်က အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မဟာဗျူဟာမူဘောင်နှင့် ပင်မအစီအစဉ် ရေးဆွဲဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည် ထောင်စုရှေ့နေချုပ်ရုံး၊ စီမံကိန်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ Metta Development Foundation၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များက လုပ်ငန်းကော်မတီမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ် (၇)ရပ်ကို ချမှတ်ပါသည်။ ထို့နောက် လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ က နိဂုံးချုပ်စကား ပြောကြားပြီး မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်စံချိန်စံညွှန်းဆိုင်ရာလုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကို နံနက် ၁၁: ၃၀ နာရီတွင် ရုပ်သိမ်းပါသည်။