01
Sep

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၃)၊ နေပြည်တော်၊ ရုံးချုပ်အစည်းအဝေးခန်းမ၌ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် (၁၄:၀၀) နာရီအချိန်တွင် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဒုတိယအကြိမ် မြန်မာနိုင်ငံအမျိုးသားအဆင့် အစီရင်ခံစာ (Second National Communication – SNC) ရေးဆွဲပြုစုရေးစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ စစ်တမ်းကောက်ယူရေးနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ချရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(ကာကွယ်ရေး/သယံဇာတ) ဦးစိန်ထွန်းလင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ UN Environment၊ MCCA၊ GEF မှ ကိုယ်စားလှယ်များနှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။