16
Sep

ပဲခူးတိုင်းဒေသကြီး၏ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် အထိမ်းအမှတ်အခမ်းအနားများအား ကျင်းပပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၆-၉-၂၀၁၇ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် (၀၉:၀၀) နာရီတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအောင် မှ  ကုလသမဂ္ဂအတွင်းရေး မှူးချုပ်မှပေးပို့သော သဝဏ်လွှာအား  ဖတ်ကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ NGO များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ဥက္ကဌနှင့် အသင်းဝင်များ၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများနှင့် သူနာပြုသင်တန်းသူများ စုစုပေါင်း (၄၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုအခွေအားပြသပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား လွှတ်တော်ဥက္ကဌနှင့် တရားသူကြီးချုပ် တို့မှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပညာပေးပြခန်းကို လှည်လည်ကြည့်ရှုခဲ့ကြပြီးနောက် အခမ်းအနားကို (၁၁:၀၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း  သတင်းရရှိပါသည်။