08
Sep

ရှမ်းပြည်နယ်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေးလှုပ်ရှားမှု

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုလဲ့မြင့် ဦးဆောင်သောအဖွဲ့သည် ၈-၉-၂၀၁၇ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဟိုပုံးမြို့၊ အ.ထ.က၌လည်းကောင်း၊ ၁၁-၉-၂၀၁၇ ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင်  တောင်ကြီးမြို့၊  အ.လ.က(၁၃)၌လည်းကောင်း၊ ၂၇-၉-၂၀၁၇ ရက်နေ့ (၁၀:၄၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ခန်းမ၌လည်းကောင်း၊ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ဆရာ/ဆရာမ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၇၃၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ဒုတိယဦးစီးမှူး ဒေါ်ဆုလဲ့မြင့်မှ အိုဇုန်းလွှာကာကွယ်ရေး ဆိုင်ရာအကြောင်းအရာများ၊ ရာသီဥတုပြောင်းလဲလာမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ  စသည့်ခေါင်းစဉ်များကို ဆွေးနွေးပြောကြားပြီး  အသိပညာပေးလက်ကမ်းစာစောင်များ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကာတွန်းရုပ်ပြစာအုပ်များအား ကျောင်းအုပ်ဆရာ/ဆရာမကြီးများထံသို့ ပေးအပ်ခဲ့ကြောင်း  သတင်းရရှိပါသည်။