01
Nov

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြတ်ဝင်းသည် ၁-၁၁-၂၀၁၈ ရက်နေ့တွင် ညွှန်ကြားရေးမှူးရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၌လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သဲချိုအေးနှင့် ဒုတိယဦးစီးမှူး ဦးတင့်လွင်ထွန်း တို့သည် ၁၄-၁၁-၂၀၁၈ ရက်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အ.ထ.က(၁၆)ကျောင်း၌ လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဦးစီးအရာရှိ ဒေါ်စဝ်မြတ်မာလာသည် တပ်ကုန်းမြို့နယ်၊ အ.လ.က(ရွာသစ်)ကျောင်း၌လည်းကောင်း၊ ဦးစီးအရာရှိ ဦးလွှမ်းမိုးထက်သည် ၁၅-၁၁-၂၀၁၈ ရက်နေ့တွင် သစ်တောသုတေသနဌာန၌လည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြတ်ဝင်းသည် ညွှန်ကြားရေးမှူးရုံး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌လည်းကောင်း၊ “မြန်မာနိုင်ငံ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ အမှိုက်နှင့်ကြွတ်ကြွတ်အိတ် စနစ်တကျစွန့်ပစ်ရေး၊ Ozone လွှာအကြောင်းသိကောင်းစရာ၊ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၇) ချက်၊ ကမ္ဘာ့အိုဇုန်းလွှာအခြေအနေနှင့် အိုဇုန်းလွှာအကြောင်း သိကောင်းစရာများ၊ ရာသီဥတုပြောင်းလဲမှုအကြောင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများအကြောင်း” စသည့် ခေါင်းစဉ်ဖြင့်  ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၉၄၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။