03
Sep

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၏ လုပ်ငန်းဆောင်ရွက်မှု

  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Myanmar Climate Change Alliance-MCCA တို့ပူးပေါင်း၍ မြန်မာရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Myanmar Climate Change Alliance-MCCA Programme) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လပွတ္တာမြို့နှင့် ပခုက္ကူမြို့တို့တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက် ခံစားလွယ်မှုဆန်းစစ်ခြင်းများနှင့်စပ်လျဉ်း၍ တွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ (၃-၉-၂၀၁၆) ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ ညနေ (၁၇:၀၀) နာရီ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။