15
Aug

Climate Technology Centre Network (CTCN) အစည်းအဝေးကျင်းပခြင်း

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ် အစည်းအဝေးခန်းမ၌ (၁၅-၈-၂၀၁၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် Climate Technology Centre Network (CTCN) နှင့်ပတ်သက်၍ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာန (၁၃) ခု၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်/မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် Myanmar Environmental Institute(MEI) မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါအစည်းအဝေးတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား နည်းပညာအကူအညီပေးရေးနှင့် ပါဝင်ဆောင်ရွက်သူများအကြား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။

   ထို့နောက် ညွှန်ကြားရေးမှူး (ကာကွယ်ရေး) ဦးမင်းမော်မှ CTCN နှင့် ပတ်သက်၍ အသေးစိတ် ဆက်လက်ရှင်းလင်းပြောကြားရာ အစည်းအဝေးတက်ရောက်လာသူများမှ တစ်ဦးချင်း ပြန်လည်မေးမြန်းဆွေးနွေး၍ အစည်းအဝေးကို နေ့လယ် (၁၂:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။