12
Aug

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

 ရန်ကုန်မြို့၊ Green Hill Hotel ၌ (၁၂-၈-၂၀၁၆) ရက်နေ့ နံနက် (၀၈:၃၀) နာရီ အချိန်မှ ညနေ (၅:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံရှိ EIA Consultants များအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား vermont Law School (VLS)၊ Myanmar Centre for Responsible Business (MCRB) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းမှ  အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။