21
Jul

မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

 မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ဒုတိယဦးစီးမှူး ဒေါ်တင်နွဲ့ရီ ဦးဆောင်သော အဖွဲ့သည် ၂၁-၇-၂၀၁၆ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့၊ အ.ထ.က(၃)၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၅၀) ဦးနှင့် နေ့လည် (၁:၀၀) နာရီအချိန်တွင် အ.ထ.က (၁၂) ၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၄၃၀) ဦးကို လည်းကောင်း၊ ၂၂-၇-၂၀၁၆ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် မော်လမြိုင်မြို့၊ အ.ထ.က(၇)၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၄၅၀) ဦးနှင့် နေ့လည် (၁:၀၀) နာရီအချိန်တွင် အ.လ.က (၂) ၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၀၀) ဦးကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်တင်နွဲ့ရီမှ အမှိုက်စနစ်တကျစွန့်ပစ်ရေး၊ ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျော့ချရေး နည်းလမ်း (၃) သွယ်ဖြင့် ဆောင်ရွက်ရေး၊ မိမိပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တစ်တပ်တစ်အားပါဝင်ရေး၊ ဆလိုင်းလောရဲ့ငှက်ပြာကလေး ပုံပြင်၊ လက်ထောက်ဦးစီးမှူး ဦးသက်နိုင်မှ အင်္ဂလိပ်အက္ခရာ A to Z ပါဝင်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ စသည့်ခေါင်းစဉ်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။

    ထို့နောက် ပတ်ဝန်းကျင်ဆိုင်ရာ ဗွီဒီယိုအားပြသပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း  သတင်းရရှိပါသည်။