20
Jun

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင်  ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်ဆိုင်ရာ အကြံပြုဆွေးနွေးပွဲနှင့် EIA လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် တတိယ အဖွဲ့အစည်း/ ပုဂ္ဂိုလ်များအား EIA အကြံပေးလိုင်စင်မထုတ်ပေးမီ ကြားကာလအကြံပေး လုပ်ကိုင်သူများ မှတ်ပုံတင်ခြင်းဆိုင်ရာ အထောက်အထားလက်မှတ် (Transitional Consultants Registration Certificate) ထုတ်ပေးခြင်း အခမ်းအနားအား နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ (၀၈:၃၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ  အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ Dr. Kanji Usui၊ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ စိစစ်သုံးသပ်ရေး အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ဆောင်ရွက်သည့် တတိယပုဂ္ဂိုလ် သိုမဟုတ် အဖွဲ့အစည်းများ စုစုပေါင်း(၁၂၀) ဦးခန့်နှင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။