13
Jun

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်းဆိုင်ရာ ပထမအကြိမ် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ

 ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် United Nations Environmental Programme(UNEP)၊ International Environmental Technology Centre(UNEP-IETC)၊ Institute for Global Environmental Strategies (IGES) တို့ ဦးဆောင်၍ အမျိုးသားအဆင့်နှင့် မြို့တော်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာရေးဆွဲခြင်းစီမံကိန်းဆိုင်ရာ ပထမအကြိမ် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကို (၁၃-၆-၂၀၁၆) ရက်နေ့မှ (၁၅-၆-၂၀၁၆) ရက်နေ့အထိ နေပြည်တော်၊ Grand Amara Hotel ၌ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြဿနာများအား ဘက်ပေါင်းစုံမှဖြေရှင်းပေးနိုင်မည့် အမျိုးသားအဆင့်နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာမူကြမ်းများအား ချမှတ်ရန်၊ မဟာဗျူဟာနှင့်ပုံမှန်လုပ်ငန်းစီမံချက်များအား ပြန်လည်ဆန်းစစ်ရန် တုံ့ပြန်မှုများနှင့် စောင့်ကြည့်စစ်ဆေးမှု လုပ်ငန်းများအားသတ်မှတ်ရန် စသည့်ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။