18
Jun

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကယား ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၈-၆-၂၀၁၉ ရက်နေ့နှင့် ၂၁-၆-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ဦးစီးအရာရှိ ဦးအောင်ချစ်ကိုနှင့် ဦးစီးအရာရှိ ဦးဟိန်းကိုဦးတို့သည် လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းအဆင့် “အမေ့အိမ်” ပညာဒါန(အခမဲ့) ကျောင်း၌ လည်းကောင်း၊ ၁၈-၆-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးဟိန်းကိုဦးသည် လွိုင်ကော်မြို့၊ သတ္တုတွင်း ဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ ၂၆-၆-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်သည် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အောင်ချမ်းသာကိုယ်ပိုင်အထက်တန်းကျောင်း၌လည်းကောင်း “လေထုညစ်ညမ်းမှုအကြောင်း သိကောင်း စရာ၊ သတ္တုကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း၊ သန့်စင်သောလေရှူရိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့ ” ခေါင်းစဉ်တို့ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၂၅၆) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”

.