15
Jul

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အသိပညာပေးလှုပ်ရှားမှု

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာတိုးပွားလာစေရန်အတွက် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၁၅-၇-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးသည် မုံရွာမြို့နယ်၊ ကျောက္ကာ(မ)ရွာ၌လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဦးစီးအရာရှိ ဦးမိုးအောင်ထွေးတို့သည် မုံရွာစက်မှုဇုံ၌လည်းကောင်း၊ ၁၇-၇-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသန့်နှင့် ဦးစီးအရာရှိ ဒေါ်ခိုင်ဝါဆန်းတို့သည် အထက(ခွဲ)(ကျွဲရဲ)၊ မုံရွာမြို့နယ်၌လည်းကောင်း၊ နေ့လယ်ပိုင်းတွင် အလက(ကြာပိုင်)၊ မုံရွာမြို့နယ်၌လည်းကောင်း၊ ၁၈-၇-၂၀၁၉ ရက်နေ့နံနက်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသန့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆုဝေထွန်းတို့သည် အလက(ကျောက္ကာ(မ))၊ မုံရွာမြို့နယ်၌ လည်းကောင်း၊နေ့လယ်ပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းသန့်နှင့် ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မြတ်မြတ်စုတို့သည် အလက(ထောင်မာတော)၊ မုံရွာမြို့နယ်၌ လည်းကောင်း၊ ၂၄-၇-၂၀၁၉ ရက်နေ့တွင် ဦးစီးအရာရှိ ဦးညီညီနိုင်သည် ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်ဒေသရှိ ပြည်ချစ်သားကုမ္ပဏီလီမိတက် (SHML-580)၊ မြသိင်္ဂီကုမ္ပဏီလီမိတက်(SMHL-470) နှင့် အောင်စစ်သိန်းရွှေ ကုမ္ပဏီလီမိတက်(SMHL-670)၌လည်းကောင်း၊ ၂၅-၇-၂၀၁၉ ရက်နေ့တွင် ဦးညီညီနိုင်သည် ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်ဒေသ၊ ရွှေမဟော်ကုမ္ပဏီလီမိတက် (SHML-445)၊ ထိန်းကုန်းဒေသ၊ လျှံဘုန်းအောင်ကုမ္ပဏီလီမိတက်(SHML-659)နှင့် လောင်ဖောင်ဒေသ၊ မှူးမြတ်သျှင်ကုမ္ပဏီလီမိတက်(SHML-678) တို့၌လည်းကောင်း “လေထုညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်၊ စက်ရုံများ ပတ်ဝန်းကျင် မထိခိုက်စေရန် လိုက်နာရမည့်အချက်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ သဘာဝသယံဇာတများ စနစ်တကျထုတ်လုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ ” စသည့် ခေါင်းစဉ် တို့ဖြင့် ဟောပြောပို့ချဆွေးနွေးခဲ့ပြီး စုစုပေါင်း (၁၃၀၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။”.