19
Mar

ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး လေ့လာဆန်းစစ်မှု လုပ်ငန်းများ

ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးများ၏ အခြေခံအချက်အလက်များကို လေ့လာဆန်းစစ်နိုင်ရန်ရည်ရွယ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးနှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (Myanmar Environment Institute – MEI) တို့ ပူးပေါင်း၍ မန္တလေးမြို့တော် ပတ်ဝန်းကျင်ရှိ လေထု၊ ရေထု၊ မြေအောက်ရေ အရည်အသွေး စမ်းသပ်တိုင်းတာမှုများကို တစ်နှစ်စီမံချက်ဖြင့် ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

           ထို့အတူ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးများ၏ အခြေခံအချက်အလက်များအား လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည့် Urban Pollution Project ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ (ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ) တိုင်းဒေသကြီးနှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI) တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းသည် ၁ နှစ်စီမံကိန်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိကာ ရန်ကုန်မြို့၊ ပုသိမ်မြို့နှင့် ပဲခူးမြို့တို့၏ ပတ်ဝန်းကျင်ရှိ လေထု၊ ရေထု၊ မြေအောက်ရေ အရည်အသွေးများကို နွေ၊ မိုး၊ ဆောင်း သုံးရာသီအတွက် ၃ ကြိမ် စမ်းသပ်တိုင်းတာသွားမည် ဖြစ်ပါသည်။

          ရန်ကုန်မြို့၊ ပုသိမ်မြို့နှင့် ပဲခူးမြို့တို့၏ ပတ်ဝန်းကျင်ရှိ လေထု၊ ရေထု၊ မြေအောက်ရေ အရည်အသွေး စမ်းသပ်တိုင်းတာမှု အသေးစိတ်အချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများကို  Website ၏ အသိပညာပေးကဏ္ဍတွင်  လေ့လာကြည့်ရှုနိုင်ပါသည်။