18
Mar

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အသိပညာပေး လှုပ်ရှားမှု

“ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမော်မော်ကို ဦးဆောင်သောအဖွဲ့သည် ၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အကြို ပညာပေးဆွေးနွေးပွဲအား World Vision အဖွဲ့အစည်းနှင့် ပူးပေါင်း၍ (၁၈-၃-၂၀၁၆) ရက်နေ့ (၁၄:၀၀) နာရီတွင် လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ လူငယ်ဘဝပြုစုပျိုးထောင်ရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသူများ၊ ရပ်ကွက်/ ကျေးရွာစေတနာ့ဝန်ထမ်း လူငယ်မောင်မယ်များ စုစုပေါင်း (၃၆) ဦး တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးမော်မော်ကိုမှ “မြန်မာ့အနာဂတ် အပေါ်သက်ရောက်လာသည့် ရာသီဥတုပြောင်းလဲမှု” ဆိုင်ရာ ခေါင်းစဉ်အား ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် ပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။”